လာအို
နိုင်ငံသည် အရှေ့တောင်အာရှ၏ ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး မြန်မာ၊ တရုတ် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ ထိုင်းတို့နှင့် ထိစပ်လျက် ရှိသည်။ ဧရိယာ
စတုရန်းမိုင်ပေါင်း (၉၁၄၂၉) ၊ (၂၃၆၈၀၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၀၇
စာရင်းများအရ လူဦးရေ (၆၅၂၁၉၉၈) ရှိသည်။ ပြင်သစ်တို့၏ အုပ်စိုးမှုမှ ၁၉၄၉ ဇူလိုင်
(၁၉) တွင် လွတ်လပ်ရေး ရရှိခဲ့သည်။
ပြည်နယ်များ
လာအိုနိုင်ငံကို
ပြည်နယ် (၁၆) ခု နှင့် မြို့တော် ဗီယန်ကျင်းဖြင့် ဖွဲ့စည်းထားသည်။
ပြည်နယ်များမှာ -
- Attapu
- Bokeo
- Bolikhamxai
- Champasak
- Houaphan
- Khammouan
- Loung
Namtha
- Louangphabang
- Oudomxai
- Phongsali
- Salavan
- Savannakhet
- Xaignabouli
- Xaisomboun
(special administrative zone, dissolved in 2006)
- Xekong
- Xiangkhoang
တို့ ဖြစ်ကြသည်။ မြို့တော် ဗီယန်ကျင်းကို သီးခြား မြို့တော် (ပြည်နယ်)
အဖြစ် ခွဲခြားထားသည်။
လာအိုနိုင်ငံ၏
ပြည်နယ်များ
ပထ၀ီအနေအထား နှင့် ရာသီဥတု
လာအိုနိုင်ငံသည်
အရှေ့တောင်အာရှ၏ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး တောင်ကုန်းတောင်တန်း ပေါများကာ
ထူထပ်သော သစ်တောကြီးများဖြင့် နိုင်ငံ၏ ဧရိယာ အတော်များများကို ဖုံးလွှမ်းထားသည်။
အမြင့်ဆုံးနေရာမှာ Phou Bia ဖြစ်၍ ၂,၈၁၇ မီတာ (၉,၂၄၂ ပေ) မြင့်သည်။ မဲခေါင်မြစ်သည် နိုင်ငံ၏ အနောက်ဘက်တွင်
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အဖြစ် ပိုင်းခြားထားသည်။ နိုင်ငံ၏ အရှေ့ပိုင်း
ဗီယက်နမ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင်လည်း တောင်တန်းများက ကာဆီးထားသည်။
ရာသီဥတု
အနေဖြင့် အပူပိုင်း မုတ်သုန်ရာသီဥတု ရရှိသည်။ မေလမှ နိုဝင်ဘာလအထိ မိုးသည်းထန်စွာ
ရွာသွန်းပြီး ဒီဇင်ဘာမှ ဧပြီလအထိ အလွန် ခြောက်သွေ့သည်။
လာအိုနိုင်ငံသည်
အင်ဒိုချိုင်းနားကျား ၊ အာရှကျွဲကြီးမျိုးနှင့် အာရှဆင်တို့၏ အဓိက ကျက်စားရာ
ဖြစ်သည်။ တိရစ္ဆာန် မျိုးစိတ်အသစ်ပေါင်းများစွာကိုလည်း ပြီးခဲ့သော နှစ်များအတွင်း
ရှာဖွေတွေ့ရှိခဲ့ကြသည်။
လာအိုနိုင်ငံသည်
ဆိုရှယ်လစ် သမ္မတ စနစ်ကျင့်သုံးပြီး တစ်ပါတီ စနစ် ဖြစ်သည်။ တစ်ခုတည်းသော ပါတီမှာ
လာအိုပြည်သူ့တော်လှန်ရေးပါတီ Lao People's Revolutionary Party (LPRP) ဖြစ်ပြီး
နိုင်ငံ့ခေါင်းဆောင်မှာ သမ္မတ နှင့် LPRP ခေါင်းဆောင်ဖြစ်သူ Choummaly Sayasone
ဖြစ်သည်။ အစိုးရခေါင်းဆောင်မှာ ၀န်ကြီးချုပ် Bouasone Bouphavanh ဖြစ်သည်။
လာအိုနိုင်ငံ၏
ယဉ်ကျေးမှုတွင် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုများ တွေ့ရသည်။ ဘာသာစကားမှအစ ဘုရား ၊ ကန် ၊
ကျောင်း ၊ စာပေ နှင့် အနုပညာများအထိ ဗုဒ္ဓဘာသာ၏ ရိုက်ခတ်မှုများစွာ ပါဝင်သည်။
လာအို တေးဂီတများကို ရိုးရာ တူရိယာများဖြင့် တီးခတ်ကြသည်။
ဆန်ကို
အဓိက စားသုံးကြပြီး ရိုးရာ အစားအသောက်များလည်း ရှိသည်။
|
No comments:
Post a Comment